ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ရှေ့နေ၊ ရှေ့ရပ်များအဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေရေးရာကိစ္စရပ်များ၊ တရားရေး ဆိုင်ရာ ချိတ်ဆက်မှုများ၊ အပြန်အလှန်ထိန်းညှိမှုများ၊ တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်း မြေယာဆိုင်ရာ အချက်အလက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်
Standard (Image)
