စိုက်/မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာ/အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတို့သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်မှူး Drဖြူဖြူအေးဦးဆောင်သောအဖွဲ့အား တွေ့

 

ပြည်သူ့လွှတ်တော်၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေက်တာစံရွှေဝင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေး ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းခိုင်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲနာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အားဖြည့်ဆန် မိတ်ဆက်ခြင်းစီမံကိန်းနှင့် စပ်လျဉ်း၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်  ကလေးသူငယ်များ အာဟာရချို့တဲ့မှု ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အားဖြည့်ဆန် ထုတ်လုပ်ခြင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးခြင်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ပြုံး တို့တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် မတ်လ ရက်

 

Standard (Image)