ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ဦးလင်းနိုင် ဦးဆောင်သော တောင်သူလယ်သမားများ အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် ဦးလင်းနိုင် ဦးဆောင်သော တောင်သူလယ်သမားများအဖွဲ့အား ယနေ့ မွန်းလွဲနာရီ ၁၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-6) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြေသိမ်းဆည်းမှုများနှင့်စပ်လျဉ်း၍ (၅၂) ချက်သောမူအတိုင်း လုပ်ဆောင်ခြင်း မရှိသောကြောင့် မြေယာပြဿနာများ ဖြေရှင်းရာတွင် ဖြစ်ပေါ်နေသော ကြန့်ကြာမှုများ၊ မှားယွင်းမှုများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ အင်းစိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ လှိုင်သာယာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်း၊ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်နှင့် ဒဂုံအရှေ့ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော် တို့တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်

 

Standard (Image)