ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် မြန်မာမိုးနတ်မင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် မြန်မာမိုးနတ်မင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာမိုးနတ်မင်း ကုမ္ပဏီသည် Renewable Energy အမျိုးအစား ဖြစ်သည့် RHU Seawater Conversion Technology Power Plant & Water Supply Project နှင့်စပ်လျဉ်းပြီး ပင်လယ်ရေကိုအသုံးပြု၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်မှု နည်းပညာ များအား အကြိုမိတ်ဆက် ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်

၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်

 

Standard (Image)