ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်IPU ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မန်နေဂျာ Ms.Norah Babic အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Inter- Parliamentary Union (IPU) ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မန်နေဂျာ Ms.Norah Babic အား ယနေ့  မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် IPU အနေဖြင့် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ IPU မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ရေးရာ လုပ်ငန်းစဉ်  များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်

 

Standard (Image)