ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် စားနပ်ရိက္ခာဖူလုံမှုနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှု မူဝါဒဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်းပြီး နေ့စဉ်စားသုံးနေကြသော အစားအစာများ၏ အဟာရပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးသီးနှံများအား ဓာတု ဆေးဝါးများ လွန်ကဲစွာသုံးစွဲမှု အခြေအနေများနှင့် စိုက်ပျိုးမြေများ၏ အရည်အသွေးများ လေ့လာ ဆန်းစစ်ချက်ဆိုင်ရာကိစ္စရပ်များ၊ ကျောင်းမုန့်ဈေးတန်းများတွင် ပြုလုပ်ခဲ့သော သုတေသနရလဒ်များ၊ ကျေးရွာ ထင်းစိုက်ခင်းဥပဒေ၊ ကျောင်းမုန့်ဈေးတန်းဥပဒေဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်
