ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် Solar Energy Group မှ ဥက္ကဋ္ဌ ဦးကျော်ကျော် ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကျေးလက်ဒေသပြည်သူများ Solar Energy ကို ကောင်းမွန်စွာ အသုံးပြု နိုင်ရေးအတွက် နည်းပညာများ သင်တန်းပို့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ Solar နှင့် Solar ဆက်စပ် ပစ္စည်းများ အရည်အသွေးမြှင့်တင်နိုင်ရေး၊ အားနည်းချက်၊အားသာချက်များ စစ်ဆေးဖြေရှင်းရေး ဆိုင်ရာကိစ္စရပ်များနှင့် မိုးခေါင်ရေရှားသောကျေးလက်ဒေသများတွင် Solar ရေတင်စနစ် အသုံးပြု၍ သီးနှံစိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
