ပြည်သူ့လွှတ်တော်၊တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင် အမေရိကန်သံရုံး ဒုတိယအတွင်းဝန် Ms. Sarah Grebowski ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်သည် အမေရိကန် သံရုံး ဒုတိယအတွင်းဝန် Ms. Sarah Grebowski ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ နာရီ အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ကော်မတီအခန်းကဏ္ဍ အရေးပါမှုနှင့် ကော်မတီမှတာဝန်ယူ ဆောင်ရွက်ရသည့် ဥပဒေရေးရာကိစ္စရပ်များ၊ ကော်မတီအား နည်းပညာများ၊ မူဝါဒပိုင်းဆိုင်ရာများ အကူအညီပေးရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစောသလေးစောနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်

 

Standard (Image)