ပြည်သူ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြုချဉ်းကပ်ခြင်း သုတေသနစာတမ်းတို အမှတ် (၇)
(ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေးခွန်းများ၊ အဆိုများနှင့်ဥပဒေပြုမှုများလေ့လာချက်)
ဒသမပုံမှန်အစည်းအဝေး ( ၁၂.၁၁.၂၀၁၈ မှ ၂၀.၁၂.၂၀၁၈ ) ထိ
နိဒါန်း
၁။ လွှတ်တော်သည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုအာဏာရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာ့လွှတ်တော်များ၏ ဥပဒေပြုရေးမဏ္ဍိုင်တွင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍသည် လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ ဤသုတေသန စာတမ်းတိုသည် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေးခွန်း မေးမြန်းမှု၊ အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုအခြေအနေများကို သုတေသနပြု၍ လေ့လာပြုစု တင်ပြခြင်း ဖြစ်ပါသည်။
ရည်ရွယ်ချက်
၂။ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်များအား နားလည်စေရန်နှင့် မေးခွန်းမေးမြန်းမှု၊အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှုတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တိုင်းတာနိုင်မည့်အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်များကို လွယ်ကူစွာရှာဖွေမှီငြမ်းနိုင်ရန်အတွက် ကိန်းဂဏန်းများနှင့် ရည်ညွှန်းကိန်းများကိုသိရှိစေရန်အတွက် သုတေသနစာတမ်းတိုအဖြစ် လေ့လာနိုင်ရန် ပြုစုတင်ပြ ခြင်းဖြစ်ပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေးမြန်းတင်သွင်းခဲ့သော ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများကိုလေ့လာခြင်း
၃။ ဒသမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ (၁၇) ရက် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကာလတွင် ကြယ်ပွင့်ပြမေးခွန်း ပေါင်း (၁၂၇) ခု မေးမြန်းခဲ့သည့်အတွက်ပျမ်းမျှအားဖြင့် တစ်ရက်လျှင် မေးခွန်း (၈) ခု မေးမြန်းခဲ့ပါသည်။
ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှုများ
၄။ “ဒသမပုံမှန်အစည်းအဝေး”တွင် ကြယ်ပွင့်ပြနှုတ်ဖြေမေးခွန်းများအား နှိုင်းယှဉ်လေ့လာမှု များတွင် မေးခွန်းရှင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျား/မအလိုက် ခွဲခြားလေ့လာခြင်း၊ ကိုယ်စားပြုနိုင်ငံရေးပါတီအလိုက်လေ့လာခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသအလိုက် လေ့လာ ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအလိုက် ဖြေကြားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း အရေ အတွက် လေ့လာခြင်းများကို သုတေသနပြုလုပ်၍ လေ့လာထားပါသည်။
ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်း
၅။ ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့သည့် “ကျား/မ ကိုယ်စားလှယ်ဦးရေ” စာရင်းများအား နှိုင်းယှဉ်ပြဇယား-
ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့သည့် အမျိုးသားကိုယ်စားလှယ် ဦးရေ
၆။ ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသား ကိုယ်စားလှယ် ( ၈၀ ) ဦးက မေးခွန်း (၁၁၀) ခုမေးမြန်းခဲ့သည်ကို ဖော်ပြပါဇယားတွင် တင်ပြ ထားပါသည်-
ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ
၇။ ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ် (၁၁) ဦးက မေးခွန်း (၁၇) ခု မေးမြန်းခဲ့သည်ကို ဖော်ပြပါဇယားတွင် တင်ပြထား ပါသည်-
ဒသမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေအတွက်ကို ကျား/မ”အလိုက်ခွဲခြားလေ့လာခြင်း
၈။ ဒသမပုံမှန်အစည်းအဝေးတွင် မေးမြန်းဖြေကြားခဲ့သည့် ကြယ်ပွင့်ပြ “မေးခွန်းအရေ အတွက် ကို ကျား/မ”အလိုက်ခွဲခြားလေ့လာ၍ ဇယားဖြင့် တင်ပြထားပါသည်-
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ
၉။ ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ -
ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ် များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” အလိုက်လေ့လာခြင်း
၁၀။ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေး ပါတီ” များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁၁။ ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သော “ကိုယ်စားပြုနိုင်ငံရေး ပါတီ” များအလိုက်မေးခွန်းများကို အများဆုံးမေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မေးခွန်းစုစုပေါင်း၏ (၇၆.၉၂%) မေးမြန်းခဲ့ပါသည်။ ဒုတိယအများဆုံး မေးမြန်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မေးခွန်းစုစုပေါင်း၏ (၇.၆၉%) ဖြစ်ပြီး တတိယ အများဆုံးမေးမြန်းခဲ့သည့် ရခိုင်အမျိုးသားပါတီမှ မေးခွန်းစုစုပေါင်း၏ (၆.၆၀%) ကို မေးမြန်းခဲ့ပါသည်။
ဒသမပုံမှန်အစည်းအဝေးတွင် “တိုင်းဒေသကြီး/ပြည်နယ် ဒေသအလိုက်” မေးခွန်းမေးမြန်းမှု အခြေအနေပြ
၁၂။ ဒသမပုံမှန်အစည်းအဝေးတွင် “တိုင်းဒေသကြီး/ပြည်နယ်ဒေသအလိုက်”မေးခွန်းမေးမြန်း မှုအခြေအနေပြဇယား -
ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ ၏ “တိုင်းရင်းသားကိုယ်စားလှယ်အလိုက်”မေးခွန်းမေးမြန်းမှု
၁၃။ ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုကို “တိုင်းရင်းသား ကိုယ်စားလှယ်အလိုက်”မေးခွန်းမေးမြန်းမှု အခြေအနေပြဇယား -
ဒသမပုံမှန်အစည်းအဝေးတွင် “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအလိုက်ဖြေဆိုမှု” ကြယ်ပွင့်ပြ မေးခွန်းအရေအတွက် လေ့လာခြင်း
၁၄။ ဒသမပုံမှန်အစည်းအဝေးတွင် “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအလိုက်ဖြေဆိုမှု” ကြယ်ပွင့်ပြမေးခွန်းအရေအတွက် လေ့လာခြင်းဇယား-
၁၅။ ဒသမပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့သော မေးခွန်းများကို လွှတ်တော်သို့လာရောက် ဖြေကြားပေးခဲ့သည့် ဝန်ကြီးဌာနများအနက် အများဆုံးဖြေကြားပေးသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန မေးခွန်းစုစုပေါင်း၏ (၁၄.၁၇ %) လာရောက်ဖြေကြားခဲ့ပါသည်။ ဒုတိယအများဆုံး ဖြေကြားပေးသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မေးခွန်းစုစုပေါင်း၏ (၁၃.၃၈%) ဖြစ်ပြီး တတိယအများဆုံး ဖြေကြားပေးသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မေးခွန်း စုစုပေါင်း၏(၁၂.၅၉ %) ကို လာရောက်ဖြေကြားခဲ့ပါသည်။
အဆိုများကို လေ့လာခြင်း
၁၆။ ဒသမပုံမှန်အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်မှ ဒီဇင်ဘာလ (၂၀) ရက် နေ့အထိ ရက်ပေါင်း (၁၇) ရက် ကျင်းပခဲ့ပြီး အတည်ပြုအဆို (ရိုးရိုး-၃) ခု၊ မှတ်တမ်းတင်အဆို (ရိုးရိုး-၃)ခု၊ စုစုပေါင်းအဆို (၆)ခု ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၁၇။ ဒသမပုံမှန်အစည်းအဝေးတွင် အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေပြဇယား-
ဒသမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့် အဆိုအရေအတွက်နှင့် ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်
၁၈။ ဒသမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့် အဆိုအရေအတွက်နှင့် ရက်အလိုက် ပျမ်းမျှအဆိုအရေအတွက် နှိုင်းယှဉ်ချက်များမှာ-
ဒသမပုံမှန်အစည်းအဝေးတွင် “အတည်ပြုအဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ
၁၉။ ဒသမပုံမှန်အစည်းအဝေးတွင် “အတည်ပြုအဆို” ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ဒသမပုံမှန်အစည်းအဝေးတွင် “အတည်ပြုအဆို”များ-
ဒသမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် များ
၂၀။ ဒသမပုံမှန်အစည်းအဝေးတွင် “မှတ်တမ်းတင်အဆို” ဆွေးနွေးသော လွှတ်တော် ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ဒသမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော“မှတ်တမ်းတင်အဆို”များ
ဒသမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းရင်းသားဖြစ်မှု”ကိုလေ့လာခြင်း
၂၁။ ဒသမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် များ၏“ တိုင်းရင်းသားအလိုက်”အဆိုတင်သွင်းမှု အခြေအနေပြဇယား -
ဒသမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ” ကိုလေ့လာခြင်း
၂၂။ ဒသမပုံမှန်အစည်းအဝေး အဆိုတင်သွင်းဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များ၏ “ကိုယ်စားပြုနိုင်ငံရေးပါတီ”များမှာ -
ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု
၂၃။ ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေပြဇယား-
ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု
၂၃။ ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ “တိုင်းဒေသကြီး/ပြည်နယ်” ဒေသအလိုက် အဆိုတင်သွင်းဆွေးနွေးမှု အခြေအနေပြဇယား-
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေ
၂၅။ ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးထိ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ -
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော ဥပဒေကြမ်းများ
၂၆။ ဒသမပုံမှန်အစည်းအဝေးကာလတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သည့် ဥပဒေကြမ်း (၉) ခုနှင့် နည်းဥပဒေ (၁) ခု ဆွေးနွေးခဲ့ပါသည်။ ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက်ပြီး အတည်ပြုသည့် ဥပဒေကြမ်း (၆) ခုနှင့် နည်းဥပဒေ (၁) ခု ရှိခဲ့ပါသည်။ အမျိုးသားလွှတ်တော်မှပေးပို့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြု၍ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း (၃) ခု ရှိခဲ့ပါသည်။ ဆွေးနွေးရန်ကျန်ရှိနေသော ဥပဒေကြမ်း (၁၇) ခုကို (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက်ပြီး အတည်ပြုသည့် ဥပဒေကြမ်း(၆) ခုနှင့် နည်းဥပဒေ(၁)ခု (ဆောင်ရွက်နိုင်မှု)
အမျိုးသားလွှတ်တော်က ပေးပို့ပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း (၃) ခု(ဆောင်ရွက်နိုင်မှု) -
ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ရန်ကျန် ဥပဒေကြမ်း (၁၇) ခု (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည့် ဥပဒေကြမ်းများ)-
ဒုတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးထိ ပြည်သူ့လွှတ်တော် တွင်ဆွေးနွေးခဲ့သည့် ဥပဒေကြမ်းများ/ နည်းဥပဒေများ အခြေအနေ
၂၇။ ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်သည့် ဥပဒေကြမ်းများ/ နည်းဥပဒေများ အခြေအနေမှာ -
သုံးသပ်ချက်
၂၈။ ပြည်သူ့လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေပြုမှုအရေအတွက်များ ပြားလာ ခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ပတ်သက်၍ပိုမိုဆွေးနွေး နှီးနှောတိုင်ပင်ရန် အခွင့် အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မည်သည့်နိုင်ငံရေး ပါတီနောက်ခံဖြင့် ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ လွှတ်တော်အတွင်း နေရာရရှိမှု အနည်းအများသည် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ပြဋ္ဌာန်းသည်မဟုတ်ဘဲ လွှတ်တော်အတွင်းတက်ကြွစွာ အားထုတ်ဆောင်ရွက်မှုကသာ မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆောင်ရွက် သည့် သာဓကအချို့ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရေအတွက်နှင့် အင်အားစုကြီးမားခြင်း၊ နည်းပါးခြင်းကို ပဓာနမထားပဲ ဒီမိုကရေစီအလေ့အထနှင့် နိုင်ငံရေး လေ့ကျင့်ပျိုးထောင်မှုကောင်းဖြစ်ပေါ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါသည်။
နိဂုံး
၂၉။ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ၊ အဆိုဆွေးနွေးမှုများနှင့် ဥပဒေကြမ်း ဆွေးနွေးဆောင်ရွက်မှု အခြေအနေများစသည်တို့ကို ဆွေးနွေးဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးတစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆွေးနွေးဆောင်ရွက်လာ သည်ကို လေ့လာတွေ့ရှိရပါသည်။ တစ်ရက်တာအတွင်း မေးခွန်းများ၊ အဆိုများမေးမြန်းခြင်း၊ တင်သွင်းခြင်း၊ ဆွေးနွေးမှုများနှင့် ဥပဒေကြမ်းဆွေးနွေးအတည်ပြုမှု အရေအတွက်များ အားကောင်းစွာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေပြီး အချက်အလက်ကိန်းဂဏန်းများကို တတ်နိုင်သမျှ ပြည့်စုံအောင် လေ့လာ၍ သုတေသနစာတမ်းအား ပြုစုတင်ပြထားခြင်းဖြစ်ပါသည်။
သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါကအရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင် ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
