ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ထိုင်း-မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေးအသင်းဥက္ကဋ္ဌ Hon. Gen. Ongard Pongsakdi အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကူးသန်းရောင်း ဝယ်ရေးနှင့် စပ်လျဉ်းသည့် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးအောင်မင်း၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဇော်သိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးခင်အေး၊ ဦးကြည်မိုးနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
