ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းသည် A.G.T.I Society မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်ရန် လိုအပ်သည့် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
Standard (Image)
