ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Mrs. Christine Burgener အား ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖ့ွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ မှန်ကန်စွာနားလည်သိမြင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ စသည်တို့အပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဒေါက်တာ စိုးမိုးအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
