ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် Myanmar Centre for Responsible Business – MCRB မှ Ms. Margaret Wachenfeld ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြု၍ သတင်း အချက်အလက်များ ထိန်းသိမ်းကာကွယ်ရေး၊ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန် အချက်များ၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိသည့် စီးပွားရေးဖြစ်စေရေး၊ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် မူဝါဒများအား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်
