ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ Mr. Michael Michalak အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Michael Michalak အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမေရိကန် - မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး၊ ဘဏ်နှင့်ငွေ‌ကြေးလုပ်ငန်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးခင်မောင်ဝင်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးဇော်သိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးခင်အေး၊ ဦးတင်မောင်ဝင်း၊ ဦးဝင်းသိန်းဇော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်

Standard (Image)