ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် National Democratic Institute (NDI) ၏ ကနေဒါနိုင်ငံမှ ပညာရှင် Mr. Gerard Latulippe အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် National Democratic Institute (NDI) ၏ ကနေဒါနိုင်ငံမှ ပညာရှင် Mr. Gerard Latulippe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရေးနှင့် Rule of Procedure များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုး၊ ကော်မတီအဖွဲ့ဝင် ဒေါ်နန်းထွေးသူ၊ လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချိုနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

Standard (Image)