ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးသည် အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Ms.Sarah Grebowski အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်တွင်း ဆောင်ရွက်နေသော ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
Standard (Image)
