ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် UK အောက်လွှတ်တော်မှ ပညာရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Neil Carmichael ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I - 13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အားလုံးပါဝင်သော ပညာရေးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် Westminster Foundation For Democracy (WFD) မှ စီစဉ်ဆောင်ရွက်မည့် ဆွေးနွေးပွဲ ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်
Standard (Image)
