ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးလုပ်သား အဖွဲ့အစည်းအား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အဆောင်အမှတ် (I-6) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တောင်သူလယ်သမားဆိုင်ရာ ဥပဒေရေးရာနှင့် လယ်ယာမြေပြဿနာဆိုင်ရာ ကိစ္စရပ်များ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ တောင်သူလယ်သမားနှင့်သက်ဆိုင် သော သစ်တောရေးရာဆိုင်ရာကိစ္စရပ်များ၊ ရေလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တောင်သူလယ်သမား များ၏ ကြုံတွေ့နေရသော အခက်အခဲများ၊ ရင်ဆိုင်နေရသော ပြဿနာများအား ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
