ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် တိုင်းရင်းသားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ H.E. Mr. Tondrub Wangben နှင့်အဖွဲ့သည် ယနေ့ ည ၁၉ နာရီ ၅ မိနစ်တွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ ကော်မတီအဖွဲ့ဝင် ဦးကျင်ဝမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
Standard (Image)
