ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် UK အောက်လွှတ်တော်မှ ပညာရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Neil Carmichael ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I - 13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမတို့၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများကို စုံစမ်းလေ့လာမှုတစ်ရပ် ပြုလုပ်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
Standard (Image)
