ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းတို့ ဂရိတ်ဝေါကုမ္ပဏီ လီမိတက်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးကြည်မိုးနိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးရန်လင်းတို့သည ဂရိတ်ဝေါကုမ္ပဏီလီမိတက် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် ဇီဝလောင်စာ (Biomass) များဖြစ်သော အစ့ကြားကြက်ဆူပင်အရိုး၊ ပဲစိမ်းငုံအရိုးစသည့် စိုက်ပျိုးရေးသီးနှံထွက် စွန့်ပစ် ပစ္စည်းတို့ကို အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည့် နည်းပညာနှင့် ထုတ်လုပ်မှုအစီအစဉ်တို့အား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး  ကော်မတအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

Standard (Image)