ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E.Mr. Christian LECHERVY နှင့် ပြင်သစ်နိုင်ငံသံရုံးမှ စီးပွားရေးဌာနအကြီးအကဲဖြစ်သူ Mr.Hubert COL

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Christian LECHERVY နှင့် ပြင်သစ်နိုင်ငံသံရုံးမှ စီးပွားရေးဌာနအကြီးအကဲဖြစ်သူ Mr.Hubert COLARIS တို့အား ယနေ့ ညနေ ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ပြင်သစ်နိုင်ငံကုမ္ပဏီများမှ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံထားရှိမှု ကိစ္စရပ်များ၊ ပြင်သစ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

Standard (Image)