ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Parami Energy Service Co.,Ltd မှ ဒါရိုက်တာ ဦးပြည့်ဝထွန်း ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်ဓါတ်အားသုံးစွဲမှုအစား အိမ်တွင်းသုံး LPG ဓါတ်ငွေ့ရည်ဖြင့် အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ LPG ဓါတ်ငွေ့ရည် တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသော အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
Standard (Image)
