ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် ရန်ကုန်မြို့အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Ian Mackenzie အား မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် I- 5 ၌ လက်ခံတွေဆုံသည်။
တွေ့ဆုံစဉ် ကော်မတီ၏ ဆောင်ရွက်နေမှုများနှင့် အခွင့်အရေးဆိုင်ရာ ကာကွယ်မှုများကို ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံသားများ၏ မူလအခွင့်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
Standard (Image)
