ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စယန်ဟီးလီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌမှ ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှလည်း ၎င်း၏ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားကာ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးခင်မောင်ဦးနှင့် ကေ်ာမရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင် လ ၂၀ ရက်
