ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel အား ယနေ့ နံနက် ၀၉၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် သြစတွေးလျ - မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်နှင့် ဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ပူးပေါင်း ပါဝင်ကူညီပေးရေး၊ ပညာရေးမြှင့်တင်ရေးအတွက် အကူအညီပေးရေးအစီအစဉ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရေးအတွက် အထောက်အကူပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ၊ မေလ ၉ ရက်

Standard (Image)