ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး များဖြစ်ကြသော အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel၊ ဗြိတိန်နိုင်ငံသံ အမတ်ကြီး H.E.Mr. Andrew Patrick နှင့် ဥရောပသံအမတ်ကြီး H.E.Mr Roland Kobia တို့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ရေးရာ ဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဦးကိုကိုနိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်
Standard (Image)
