ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂရွေးကောက်ပွဲကူညီပေးရေးဌာနမှ နိုင်ငံရေးနှင့်ရွေးကောက်ပွဲ ဆိုင်ရာ အကြီးတန်းအရာရှိ Ms. Svetlana Galkina ဦးဆောင်သည့် ကိုယ်စားလှယ်အား ယနေ့နံနက် ၁၁:၀၀ နာရီအချိန်တွင်လည်းကောင်း၊ အမေရိကန်အောက်လွှတ်တော် လူများစု ခေါင်းဆောင်ရုံး အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mr. Luke Murry ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ဥပဒေရေးရာကိစ္စရပ်များ၊ ရွေးကောက်ပွဲစနစ် တိုးတက် ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး၊ အမေရိကန်ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များတွင် ပိုမိုတိုးတက် ကောင်းမွန်သော အနေအထားများရရှိရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးဦးခင်မောင်ထွန်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးဝင်းသန်းနှင့် ကော်မရှင်ရုံးမှ တာဝန်‌ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ မေလ ၃၁ ရက်

 

Standard (Image)