ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ နက်နဲသိမ်မွေ့မှု၊ ဘက်မျှစွာ စဉ်းစားဆောင်ရွက်ရန်လိုမှု၊ သမိုင်းကြောင်းနှင့် ဒေသခံမြန်မာနိုင်ငံသားများ၏ သဘော သဘာဝအခြေအနေအရပ်ရပ်အပေါ် သိနားလည်ရန်လိုအပ်မှုများကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှတာဝန်‌ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်

 

 

Standard (Image)