ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးစောသန်းထွဋ် ရန်ကုန်မြို့၊ စင်္ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms Vanessa Chan အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးစောသန်းထွဋ်သည် ရန်ကုန်မြို့၊ စင်္ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms Vanessa Chan အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်

Standard (Image)