ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်အထက်လွှတ်တော်ကိုယ်စားလှယ် Rt. Hon. Lord Malcolm Bruce of Bennachie နှင့် ဗြိတိန်အောက်လွှတ်တော် ပညာရေးကော်မတီဥက္ကဋ္ဌဟောင်း Mr. Neil Carmichael တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီအချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကေ်ာမရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်
Standard (Image)
