ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၃) ကြိမ်မြောက် စီးပွားရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် (၁၃) ကြိမ်မြောက် အမြဲတမ်းကော်မတီ အဖွဲ့ဝင် (ပြည်ထောင်စုဝန်ကြီး အဆင့်) H.E. Mr. Shang Fulin ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၃) ကြိမ်မြောက် စီးပွားရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် (၁၃) ကြိမ်မြောက် အမြဲတမ်းကော်မတီအဖွဲ့ဝင် (ပြည်ထောင်စု ဝန်ကြီးအဆင့်) H.E. Mr. Shang Fulin ဦးဆောင်သည့် အဖွဲ့အား ယနေ့ နံနက် ၉ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသ ငွေကြေးဖလှယ်ရန် ဘဏ်စနစ် တည်ထောင် နိုင်ရေးဆိုင်ရာ ကိစ္စနှင့် CPPCC အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ စက်မှုဇုန် တည်ထောင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်ရေးမှူး ဦးခင်မောင်စိုး နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်
