ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်သည် Adam Smith International အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုနှင့်ပတ်သက်သော လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ ကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် (၃)ဦးတို့ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်
Standard (Image)
