ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် Edoo Education မှ John Strandberg (CEO & Founder, Edoo Education) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အခြေခံပညာ သင်ရိုးညွှန်းတမ်းရှိ အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာသာ ရပ်များအား digital animation video များအသုံးပြု၍ အခြေခံပညာ ကျောင်းများတွင် Digital Education အသုံးပြုသွားနိုင်ရေး၊ အများပြည်သူအားလုံး လေ့လာ အသုံးပြုနိုင်သော Digital ပညာရေးဆောင်ရွက် သွားနိုင်ရေးနှင့် လူမှုရေးပါဝင်မှု အကောင်အထည် ဖော်ရေးစီမံကိန်း (Social Inclusion Implementation Plan- SIIP) အား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်
