ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း သည် Westminster Foundation အဖွဲ့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ငွေစာရင်းကော်မတီ၏ အဓိကလုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် UK အောက်လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံလွှတ်တော်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဖြိုးဇေယျာသော် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ဲကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်
Standard (Image)
