လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အစည်းအဝေး (၆/၂၀၁၈) ကျင်းပ

လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် (I-9) မြေညီထပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ JCC ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့် သက်ဆိုင်ရာ JCC ရုံးအဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေး ပထမပိုင်း အနေဖြင့် (JCC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား UNDP/IPU ၏ Chief Technical Advisor အဖြစ် တာဝန်ထမ်းဆောင်မည့်  Ms. Lakshmi Pillai ၊ IPU Programme Officer ဒေါ်မြင့်မြင့်စမ်း၊ UNDP/IPU ၏လုပ်ငန်းများတွင် Parliamentary Capacity Development Specialist အဖြစ် တာဝန်ထမ်းဆောင်မည့် စောဘွယ်ဒိုအေးနှင့် UNDP မှ အကြံပေး Ms. Margaret Curran စသည့်ပုဂ္ဂိုလ် (၄) ဦးတို့မှ မိတ်ဆက်ခြင်း အစီအစဉ် ဖြစ်ပါသည်။

အစည်းအဝေး ဒုတိယပိုင်းအနေဖြင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) တွဲဖက်အတွင်းရေးမှူး (၁) က (၅/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကိစ္စရပ်များ တင်ပြခြင်းနှင့် JCC အဖွဲ့ဝင်များက အကူအညီပေးရေးအဖွဲ့အစည်းများမှ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေး ကြပါသည်။

ယင်းနောက် အထွေထွေဆွေးနွေးချက်များတွင်  JCC အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပြီး ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ကာ နိဂုံးချုပ်စကားပြောကြားပါသည်။

 ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၈ ရက်

 

Standard (Image)