ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းအား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းပြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူများဆုံးရှုံး နစ်နာမှုမရှိစေရန်၊ အကျိုးဆောင်များအနေဖြင့် ဥပဒေနှင့်အညီ စနစ်တကျ လုပ်ကိုင်နိုင်စေရန်နှင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်အား ထိန်းသိမ်းနိုင်ရေး စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်း နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်နှင့် အဖွဲ့တို့တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်
