ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးသည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအဖွဲ့၏ ဥပဒေကျွမ်းကျင်ပညာရှင်များမှ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၏  ဖြည့်စွက်၊ ပြင်ဆင်သင့်သော အချက်အလက်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အကြံပြု တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၉ ရက်

Standard (Image)