ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့ ၈ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံတို့၏ ပိုမိုတိုးတက်လာသော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့နေသော စီမံကိန်းများနှင့် ဆက်လက် ပေးသွားမည့်အကူအညီများ၊ နှစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ မြန်မာနိုင်ငံက ပညာတော်သင်များ အိန္ဒိယနိုင်ငံသို့ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီ အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၁၇ ရက်

Standard (Image)