ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် Pyoe Pin Programme မှ Political Economy Advisor ဖြစ်သူ Mr. Taylor Brown အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Pyoe Pin Programme မှ Political Economy Advisor ဖြစ်သူ Mr. Taylor Brown အား ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းများနှင့် စပ်လျဉ်းသော ကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့် အတူ ပျိုးပင်အစီအစဉ်မှ စီမံကိန်း အထူးအကြံပေးဖြစ်သူ ဦးအောင်ကျော်သိန်းလည်း တက်ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်

 

Standard (Image)