ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Mohammad Sulfur Rahman နှင့် အဖွဲ့ အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးများ အပြင် အခြားနိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်မှု၊ ဒီမိုကရေစီနိုင်ငံရေး အတွေ့အကြုံ ကောင်းများနှင့် ကြိုးပမ်းဆောင်ရွက်မည့် နှစ်နိုင်ငံဆက်ဆံရေး ရည်မှန်းချက် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ခင်နှင်းသစ်၊ ဦးကံဦးနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
၂၀၁၆ ခုနှစ် မေလ ၁၉ ရက်
