ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးတို့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Gautam Mukhopadhaya အား ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr.Roland Kobia အား ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-5) ၌ အသီးသီး လက်ခံတွေ့ဆုံခဲ့သည်။

အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် IT နည်းပညာတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်ရန် နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည့်လမ်းပန်းဆက်သွယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အလားတူ EU သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေး၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးနှင့် မြန်မာ- EU ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်

Standard (Image)