ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် MarkPlus.Inc တည်ထောင်သူ၊ CEO ဖြစ်သူ Mr. Hermawan Kartajaya ဦးဆောင်သော အဖွဲ့အား မတ်လ ၆ရက် မွန်းလွဲ (၁၄း၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် MarkPlus.Inc ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင် ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ ဈေးကွက်သုတေသနဆိုင်ရာနှင့် ပညာရေး၊ မီဒီယာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ နှင့် အတူ လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးရင်၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးအေးမူ၊ ဒေါ်တင်ဘုန်းနွယ်၊ ဒေါ်လဲ့လဲ့ဝင်းနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက် ကြပါသည်။
၂၀၁၄ မတ် ၆
