ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၄ နာရီတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဒုဝန်ကြီး မစ္စဝန်ဒီအာရှာမန် ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇဗ္မူသီရိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့ နှင့်မတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr.Derek Mitchell လည်းတက်ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်နှီးပွင့်လင်းစွာဆွေးနွေးကြသည်။
၂၀၁၄ မတ် ၇
