ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့နှင့် ဂျပန်နိုင်ငံအိုဆာကာကင်းထောက်အမျိုးသမီးအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည်မြန်မာနိုင်ငံကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါ်တင်လှကြည်၊ ဒေါ်ခင်စောဥမ္မာ၊ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်အဖွဲ့ (ယာယီ) တို့နှင့်အတူ ဂျပန်နိုင်ငံ အိုဆာကာ ကင်းထောက်အမျိုးသမီး အဖွဲ့ခေါင်းဆောင် Ms.YOKO SHINKE ဦးဆောင်သော အဖွဲ့တို့အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ  ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယဥက္ကဋ္ဌ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာမှ လွှတ်တော်သို့လာရောက်လေ့လာကြသည့် မြန်မာနိုင်ငံကင်းထောက် အမျိုးသမီးအဖွဲ့နှင့် ဂျပန်နိုင်ငံ အိုဆာကာကင်းထောက်အမျိုးသမီးအဖွဲ့  စုစုပေါင်း ၉၈ ဦးတို့အား ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိဧည့်ခန်းဆောင်၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ကင်းထောက် အမျိုးသမီးအဖွဲ့နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ  ၂၉ ရက်

Standard (Image)