ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ အဖွဲ့ဝင်များနှင့်အတူ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်ပူဇော်ပြီး ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်‌တော်နာယကသည် ဧည့်သည်တော်မှတ်တမ်း စာအုပ်၌ လက်မှတ် ရေးထိုးပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လှည်‌့လည် ဖူးမြော် ကြည်ညိုခဲ့သည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်

Standard (Image)