ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဖူမြော်ကြည်ညို

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် ရွှေမော်ဓောစေတီတော် အာရုံခံ တန်ဆောင်းအတွင်း ကိန်းဝပ်စံပ္ပာယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ တို့ဖြင့် ဆက်ကပ်ပူဇော်ပြီး စေတီတော်အတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

ထို့နောက် ပြည်ထောင်စုလွှတ်‌တော်နာယကသည် စေတီတော်မြတ်ကြီးအား လှည်‌့လည်ဖူးမြော် ကြည်ညိုခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်

Standard (Image)