ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးအား လက်ခံတေ့ွဆုံ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E.Mr.Peter Lysholt Hansen အား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

Standard (Image)