ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအမေရိကန် GE ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် GE ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျက်ဖ်ဖရီအင်မက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ညနေ (၅) နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အတူ ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအတွင်းအရေးမှူး ဦးသိန်းလွင်၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုး တက်ရေး ကော်မတီအတွင်းရေးမှူး ဦးကြည်သာ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန် ဂျီအီးကုမ္ပဏီဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မနိုင်ငံတော်ဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်လည်းတက်ရောက်သည်။

Standard (Image)