ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း International Finance Corporation World Bank Group မှ Mr. Roperto Enchandi နှင့်အဖွ့ဲအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း သည် International Finance Corporation World Bank Group မှ Mr. Roperto Enchandi နှင့်အဖွဲ့အား ယနေ့နံနက် (၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ ရေးရာဆောင် (I-1)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးကျင်ဝမ်း၊ ဦးအုန်းငွေ၊ ဦးကျော်ခိုင်ဝင်းနှင့်  ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် ရင်းနှီးမြှပ်နှံမှုဥပဒေနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Standard (Image)